ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်းနှင့် ခရီးသွားခြင်းအတွက် စာရွက်စာတမ်းများ

စင်းလုံးငှားပုဂ္ဂလိကပိုင် ဂျက်လေယာဉ်တစ်စင်းကို သာမန်လေကြောင်းမှ လေယာဉ်တစ်စင်းနှင့် နှိုင်းယှဉ်လျှင် လုံးဝကွဲပြားခြားနားသည့် အတွေ့အကြုံတစ်ရပ်ဖြစ်သည်။ Aviav TM (Cofrance SARL) ၏ ဝန်ဆောင်မှုများကို ကျွန်ုပ်တို့၏ ငှားရမ်းသူများ၏ အဆင်ပြေမှုနှင့် သက်တောင့်သက်သာရှိမှုကို ဂရုစိုက်ရန်အထူးပြုလုပ်ထားပြီး သင့်ခရီးစဉ်ကို တတ်နိုင်သမျှ ထိရောက်မြန်ဆန် ကျေနပ်ဖွယ်ဖြစ်စေရန် လုပ်ဆောင်ထားပါသည်။

အထူးလေကြောင်းခရီးစဉ်တွင် စာရွက်စာတမ်း ကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ခြင်းနှင့် လေဆိပ်သို့ အပို့/အကြို၊ ရိုးရှင်းသော လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းများ၊ နှင့် ကြီးမားလွန်းသော ခရီးဆောင်အိတ် သို့မဟုတ် တိရိစ္ဆာန်များကို လေယာဉ်အခန်းအတွင်း သယ်ယူနိုင်မှုတို့ ပါဝင်သည်။ အောက်ပါတို့သည် ကျွန်ုပ်တို့၏ customer များမှ မကြာခဏ မေးလေ့ရှိသည့် မေးခွန်းများ အတွက် ကျွန်ုပ်တို့၏ အဖြေများဖြစ်သည်။

ပုဂ္ဂလိကအထူး ဂျက်လေယာဉ်တစ်စင်းဖြင့် သွားရောက်သည့် ခရီးစဉ်တစ်ခု၏ အသေးစိတ် အချက်အလက်များ အားလုံးကို သင်သတိပြုမိသည့်အခါ သင်လုပ်ဆောင်ရမည့် အရာအားလုံးမှာ ပြည့်စုံချောမွေ့သောလေကြောင်းခရီးစဉ်တစ်ခုကို ခံစားရန်ဖြစ်သည်။

 

ကျွန်ုပ်သည် လေကြောင်းခရီးစဉ်ထက် အချိန်မည်မျှကြိုတင်ပြီး လေဆိပ်သို့ ရောက်ရှိရမည်နည်း။

သင်သည်ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်းနှင့်ခရီးသွားလျှင် ထွက်ခွာချိန်မတိုင်ခင် နာရီပေါင်းများစွာ ကြိုတင်၍ လေဆိပ်သို့ ရောက်ရှိနေရန်မလိုပေ။ အချို့လေဆိပ်များသည် အထူးလေယာဉ်စီး ခရီးသည်များကို ဝန်ဆောင်မှုအရ အခြားလေဆိပ်များထက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ရှိသည်။ လေယာဉ်ပေါ် တက်သည့် လုပ်ထုံးလုပ်နည်းများသည် (လိုအပ်သည့် လုံခြုံရေး ထိန်းချုပ်မှု အပါအဝင်) ၅ မိနစ်နှင့် မိနစ် ၃၀ အကြားအချိန် ယူသည်။

Aviav TM (Cofrance SARL) ၏ ဝန်ထမ်းများမှ သင်၏ ကိုယ်ရေး အတိုင်ပင်ခံသည် လေဆိပ်နှင့် သင်၏လေယာဉ်ခရီးစဉ်ပေါ် မူတည်ပြီး လုပ်ထုံးလုပ်နည်းကိစ္စရပ်များကို ဖြတ်သန်းသွားရမည့် အချိန်အတွက် သင်မည်မျှကြိုတင်ရောက်ရှိရမည်ကို အချိန်အတိကျ အကြံပေးမည် ဖြစ်သည်။

ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်းနှင့် ခရီးသွားရန်အတွက် နိုင်ငံကူး လက်မှတ်တစ်စောင်လိုအပ်သလား။

သင့်အနေနှင့် သီးသန့်ဂျက်လေယာဉ်တစ်စင်းနှင့် ခရီးသွားသည် ဖြစ်စေ၊ အများသုံးစီးပွားဖြစ်လေကြောင်းလိုင်း၊ မီးရထား သို့မဟုတ် ကားနှင့် ခရီးသွားသည် ဖြစ်စေ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများ လိုအပ်ချက်မှာ အတူတူပင် ဖြစ်သည်။

ဥပမာ- ပြင်သစ်နိုင်ငံသားများသည် ရှန်ဂန် နယ်မြေအတွင်း ခရီးသွား လျှင် ၄င်းတို့၏ နိုင်ငံသားမှတ်ပုံတင်ကဒ်များကို အသုံးပြုနိုင်သည်။ သို့သော်လည်း ဥရောပသို့ သွားသော ရုရှနိုင်ငံသားများသည် နိုင်ငံခြားသို့ ခရီးသွားလာခွင့် နိုင်ငံကူးလက်မှတ်တစ်စောင်နှင့် ဗီဇာလိုသည်။

 

ပုဂ္ဂလိက ဂျက်လေယာဉ်တစ်စီးနှင့် ခရီးသွားရန်အတွက် ဗီဇာ လိုအပ်ပါသလား။

ပုဂ္ဂလိက ဂျက်လေယာဉ်တစ်စင်းနှင့် ခရီးသွားရန် သင်၏အနာဂတ် ခရီးစဉ်အကြောင်း စဉ်းစားထားလျှင် မည်သည့်အထူးလေကြောင်းလိုင်း ကဲ့သို့မဆို လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်း အားလုံးကို ဂရုပြု လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်သည်။ နိုင်ငံခြား တိုင်းပြည်များသို့ ဝင်ရောက်မှုသည် ဗီဇာတစ်ခုရှိရန်လိုသည်။

သင်၏ခရီးစဉ်ချောမွေ့စွာသွားလာနိုင်ရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်း အသေးစိတ်များအတွက် Cofrance SARL၏ ဝန်ထမ်းများကို လွတ်လပ်စွာ ဆက်သွယ်နိုင်ပါသည်။

 

မည်သည့်အချိန်တွင် ကျွန်ုပ်၏ နိုင်ငံကူးလက်မှတ်ကို ပြသရမည်နည်း သို့မဟုတ် မိတ္တူတစ်စောင်ပေးပို့ရမည်နည်း။

သင်သည် ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်း စင်းလုံးငှားသည့်အခါ Aviav TM နှင့် လေယာဉ် အော်ပရေတာမှ ခရီးသည် စာရင်းတစ်ခုတွင် ဖြည့်သွင်းရန် လေကြောင်းခရီးမစတင်မီကာလတွင် Aviav TM (Cofrance SARL) ၏ ဝန်ထမ်းတစ်ယောက်သည် ခရီးသည်အသီးသီး၏ နိုင်ငံကူးလက်မှတ် မိတ္တူတစ်စောင် (သို့မဟုတ် အခြားသင့်လျော်သည့် အထောက်အထားပြ စာရွက်စာတမ်း)ကို ပေးပို့ရန် သင့်ထံတောင်းဆိုမည်။ ထိုအရာသည် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ၊ လေယာဉ်အမှုထမ်းနှင့် လေဆိပ်တွင် အသုံးပြုသည့် တရားဝင်စာရွက်စာတမ်းတစ်ခုဖြစ်သည်။

ခရီသည်စာရင်းတစ်ခုသည် လူဝင်မှုကြီးကြပ်ရေးအချက်အလက်ကို ကြိုတင်ပေးပို့နိုင်စေရန်နှင့် ပြင်သစ်နိုင်ငံအတွင်းနှင့် ရှန်ဂန်နယ်မြေ အတွင်း ပြည်တွင်းလေကြောင်းခရီးများအတွက် လေဆိပ်တွင် စစ်ဆေးမှုကို ရှောင်ရှားနိုင်စေသည့် အတွက်  အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများကို လွယ်ကူစေပြီး ခရီးသည်များ၏ အချိန်ကုန်မှုကို သက်သာစေသည်။

သို့သော် ခရီးစဉ်အတွင်း သင်၏ လူဝင်မှုကြီးကြပ်ရေး စာရွက်စာတမ်းများ ပါရှိရန် မရှိမဖြစ်လိုအပ်သည်။ ရဲနှင့် အကောက်ခွန် အာဏာပိုင်များသည် မည်သည့်အချိန်တွင်မဆို သင်၏သက်သေခံ အထောက်အထားကို အတည်ပြုမေးမြန်းနိုင်သည်။

ပုဂ္ဂလိကလေယာဉ်တစ်စင်းနှင့်နိုင်ငံတကာသို့ ခရီးသွားရာတွင် အာဏာပိုင်များမှ သင်၏ အထောက်အထားကို တင်ပြရန် လေဆိပ်၌် သင့်ကို တောင်းဆိုမည်ဖြစ်သည်။

ကျွန်ုပ်၏ခရီးဆောင်အိတ် ကို စကင်ဖတ်ရန်သို့မဟုတ် X-ray ဖြတ်ရန် လိုအပ်ပါသလား။

မည်သည့် အများသုံးလေကြောင်းခရီးစဉ်များကဲ့သို့ပင်မဆို သင်၏ ခရီးဆောင်အိတ်ကို X-ray စစ်ဆေးမှုတွင် ဖြတ်သန်းရမည်။ သို့သော်လည်း ကြီးမားသည့် လေယာဉ်ရုံများနှင့် ရှည်လျား ကြာရှည်သည့် စောင့်ဆိုင်းမှုများကို မေ့လိုက်ပါ။ ပုဂ္ဂလိကအထူးလေကြောင်းခရီးစဉ်အတွက် လုံခြုံရေး လုပ်ထုံးလုပ်နည်းများသည် ချောမွေ့ပြီး အထူးမြန်ဆန်သည်။ အထူးဆိုက်ရောက်များသည် ပုဂ္ဂလိကဂျက်လေယာဉ် တစ်စင်း မြန်ဆန်ထိရောက်စွာ သွားလာနိုင်ရန် ဒီဇိုင်းဆွဲထားပါသည်။

အချို့လေဆိပ်များတွင် ခရီးဆောင်အိတ်စကင်ဖတ်ခြင်း လိုအပ်ချက်ပင် ကင်းလွတ်နိုင်သည်။ ဥပမာ- ကိန်းလေဆိပ်တွင် ၁၅တန်(Citation XLS + သို့မဟုတ် Learjet 70 ကဲ့သို့သော) ပေါ့သည့် ဂျက်လေယာဉ်ဖြင့် ခရီးသွားသည့် ခရီးသည်များကို ၄င်းတို့၏ လေကြောင်းခရီးစဉ်သည် ရှန်ဂန်နယ်မြေအတွင်း ဖြစ်လျှင် လုံခြုံရေးစနစ်ကို ရှောင်ကွင်းပြီး ၄င်းတို့၏ လေယာဉ်ဆီသို့ တိုက်ရိုက်တက်ရောက်ခွင့်ပြုထားသည်။   တူရကီနှင့် ကိုင်းကော့စ်ဆိုက်ရောက်များတွင် ခရီးသည်များနှင့် ခရီးဆောင်အိတ်များကို လေယာဉ်မှသည် နိုင်ငံကူးလက်မှတ် ထိန်းချုပ်မှု ကောင်တာသို့ သယ်ယူရန် ဂေါက်ရိုက်ရာတွင်အသုံးပြုသည့် ကားငယ်များကို ပံ့ပိုးထားသည်။

 

ကျွန်ုပ်၏ လေယာဉ်လက်မှတ်ကို ပြရန်လိုအပ်သလား။

ပုဂ္ဂလိကပိုင်ဂျက်လေယာဉ်တစ်စင်း ပျံသန်းစီးနင်းရန် သင်သည် မည်သည့်လက်မှတ်မျှ မလိုအပ်ပါ။

သင်သည် Aviav TM နှင့်အတူ ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်းကို စင်းလုံးငှားသည့်အခါ လေယာဉ်တစ်စင်းလုံးကို ငှားထားခြင်း ဖြစ်သည့်အတွက် လေယာဉ်ထဲတွင် သင့်အတွက် သတ်မှတ် ထိုင်ခုံနေရာမရှိပါ။ သို့အတွက် သင့်တွင် လက်မှတ်တစ်စောင် မလိုအပ်ပါ။ သင်လုပ်ဆောင်ရန်လိုအပ်သည့်အရာသည် လေဆိပ်ကို ရောက်ရှိရန်ဖြစ်သည်။ သင်၏ လေယာဉ်မှူးများသည် သီးခြား ဆိုက်ရောက်တွင် သင့်ကိုတွေ့ဆုံမည်ဖြစ်ပြီး သင်၏ ခရီးဆောင် အိတ်များနှင့် အတူ လေယာဉ်ပေါ်သို့ အတူ လိုက်ပါမည်ဖြစ်သည်။

ကျွန်ုပ်တို့၏အဖွဲ့သည် ခရီးစဉ်အစီအစဉ်၊ အချိန်ဇယား၊ လေဆိပ်သို့ လမ်းညွှန်မှုများ၊ နှင့် လေယာဉ်မှတ်ပုံတင်နံပါတ်နှင့် လေယာဉ်မှူးများ၏ နာမည်များပင် အပါအဝင် သင့်ခရီးစဉ်အတွက် လိုအပ်သမျှ အသေးစိတ် အချက်အလက်များအားလုံးကို သင့်ထံသို့ အီးမေးလ်ပေးပို့မည်ဖြစ်သည်။

 

ကျွန်ုပ်၏ခွေး သို့မဟုတ် ကြောင်သည်လည်း နိုင်ငံကူးလက်မှတ်တစ်စောင် လိုအပ်ပါသလား။

အိမ်မွေးတိရိစ္ဆာန်များသည်လည်း လူသားများကဲ့သို့ပင် ၄င်းတို့၏ နိုင်ငံကူးလက်မှတ်များ လိုအပ်ပါသည်။

သင်နှင့်အတူခရီးသွားနိုင်စေရန် သင်၏ခြေလေးချောင်းအဖော်တွင် နိုင်ငံကူးလက်မှတ်တစ်ခုနှင့် ခရီးသွားသည့် ရက်စွဲအတွက် မွမ်းမံထားသည့် ဆေးမှတ်တမ်းစာအုပ်တစ်ခု ရှိရမည်။

သို့သော်လည်း နိုင်ငံအချို့သည် အထူးလိုအပ်ချက်များ ပြဋ္ဌာန်း ထားသည်။ ဥပမာ- ဗြိတိန်သို့သွားရောက်ရန်အတွက် သင်၏ အိမ်မွေးတိရိစ္ဆာန်သည် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးထားရမည်။

နောက်ထပ်သင်လိုသည့် မေးခွန်းများရှိပါ သလား။ Aviav TM အဖွဲ့သည် သင့်ကို အကြံပေးဆွေးနွေးရန် အမြဲရှိပါသည်။ ကျွန်ုပ်တို့ထံသို့ အင်တာနက် သို့မဟုတ် ဖုန်းမှတစ်ဆင့် လွတ်လပ်စွာ ဆက်သွယ်နိုင်ပါသည်။

Aviav TM (Cofrance SARL) နှင့်အတူ ပျော်ရွှင်ဖွယ်ကောင်းသည့် လေကြောင်းခရီးစဉ်နှင့် ကျေနပ်မှုများရပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

 

AVIA APP