သင်သည်စိုးရိမ်ထိတ်လန့်တတ်သော လေယာဉ်စီးနင်းသူတစ်ဦးဖြစ်လျှင် လူသေကောင်များ၊ လျှပ်စီးကြောင်းများ တိုက်ခိုက်ခံရမှု စသည်တို့ကို-သတိရှိပါ။ – ဤအချက် ၁၈ ချက်သည် သင့်အနေနှင့် နောက်ထပ်လေယာဉ်ခရီးစဉ် လက်မှတ်များ ပြန်ပေးသည်အထိဖြစ်စေနိုင်သည်။ ကံကောင်းသည်မှာ အထူးသဖြင့် သီးသန့်ဂျက်လေယာဉ်တစ်စင်းဖြင့် ပျံသန်းခြင်းသည် (သင့်အနေနှင့် မြေပြင်မှ ဘေးကင်းစွာပျံသန်းထွက်ခွာနိုင်ရန် စီမံမည်ဆိုလျှင်) ဘေးကင်းစိတ်ချရဆုံး ခရီးသွား နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။
၁။ လေယာဉ်မှူးအများစုကို လျှပ်စီးကြောင်းများမှ ၀င်ရောက်တိုက်ခံရဖူးသည်။
“ကျွန်တော့်ကို လျှပ်စီးကြောင်းတွေ ၂ကြိမ်လာတိုက်ခံရဖူးတယ်” ဟု လေယာဉ်မှူးတစ်ဦးက ပြောခဲ့ပါသည်။ လေယာဉ်မှူးအများစုသည် ထိုလျှပ်စီးကြောင်းများဝင်ရောက်တိုက်မိခြင်းကို ခံကြရသည်။ လေယာဉ်များ၏ ကိုယ်ထည်သည် လျှပ်စီးကြောင်းများကို ဆွဲဆောင်သည့်ပုံစံပြုလုပ်ထားကြသည်။ ထိုသို့ တိုက်မိသည့်အခါ ကျယ်လောင်သောအသံနှင့်အတူ ရုတ်တရက် အလင်းတန်းတစ်ခုတောက်ပစွာ ထွက်ပေါ်သည်။ လျှပ်စီးကြောင်း တစ်ခုကြောင့် လေယာဉ်တစ်စင်းကို ပျက်မကျစေနိုင်ပါ။
၂။ အရပ်ဖက်သယ်ယူပို့ဆောင်ရေးလေကြောင်းလိုင်းများစွာတို့သည် အလောင်းများနှင့် ကိုယ်တွင်းအင်္ဂါများကို သယ်ယူပို့ဆောင်ကြသည်။
လေယာဉ်ဖြင့် ကုန်စည်သယ်ဆောင်မှုများစွာကို စီးပွားဖြစ်ပျံသန်းသော လေကြောင်းလိုင်းများက သယ်ယူကြသည်။ သယ်ဆောင်သည့်ကုန်စည်များထဲမှတစ်ခုကို “လူ့အကြွင်းအကျန်” ဟု အဓိပ္ပါယ်ရသော HR ဟူသောစကားလုံးကို အမြဲအမှတ်အသားပြုမည်ဖြစ်သည်။ “အချို့သော ပုဂ္ဂိုလ်များသည် ၄င်းတို့ကို မြုပ်နှံစေချင်သည့်နေရာမှ ဝေးလံသောနေရာတွင် သေဆုံးကြသည်။ ၄င်းသေဆုံးသည့် ခန္ဓာကိုယ်ကို လေယာဉ်ဖြင့်သယ်ဆောင်ရာတွင် အခြားခရီးသည်များက အတွင်း၌ ဘာရှိသည်ဆိုသည်ကို မသိစေရန် သစ်သားသေတ္တာ တစ်ခုတွင် ထည့်ကာ သယ်ဆောင်ရသည်။ သံသယဖြစ်စရာတစ်ခုမှာ အခြားအရာများနှင့် မတူသော ထိုသေတ္တာ၏ ပုံသဏ္ဍာန်ဖြစ်သည်။” သင့်အနေနှင့် ဒယ်တာလေယာဉ်တစ်စီးပေါ်တွင် “HR” ဟူသော အတိုကောက်စကားလုံးကို မြင်လျှင် ကြားလျှင် ထိုစကားလုံးသည် ကုန်ပစ္စည်းတင်သည့် အခန်းထဲတွင် လူသေကောင်တစ်ခု ရှိသည်ကို ဆိုလိုသည်။
အီးဇီးဂျက်ကဲ့သို့သော ကုမ္ပဏီအချို့သည် လေကြောင်းဖြင့် ကုန်စည်သယ်ဆောင်မှုမပြုကြသည့်အတွက် ၄င်းတို့သယ်ဆောင်လာမှုတွင် မည်သည့် လူသေထည့်သွင်းထားသည့်အခေါင်းမှမပါသည်မှာ သေချာသည်။
သို့သော်လည်း တစ်ခါတစ်ရံတွင် လေယာဉ်ခရီးစဉ်အတွင်း ခရီးသည်များ သေဆုံးခြင်းမျိုးဖြစ်ခဲ့လျှင် လေကြောင်းလိုင်းအမျိုးမျိုးက ဤကိစ္စရပ်ကိုနည်းလမ်းအမျိုးမျိုးဖြင့် ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။
၃။ လေယာဉ်မှူးများသည် ပင်ပန်းနွမ်းလျသည့်အချိန်တွင် ၄င်းတို့၏လေယာဉ်မောင်းသည့်အခန်းတွင် လုံးဝ အိပ်ပျော်သွားကြသည်။
ဗြိတိန်နိုင်ငံလေယာဉ်မှူး ကုန်သွယ်ရေးသမဂ္ဂ (BALPA) ဗြိတိန် လေကြောင်းအဖွဲ့အစည်း၏ စစ်တမ်းတစ်ခုအရ လေယာဉ်မှူးအားလုံး၏ ထက်ဝက်ကျော်ခန့် (၅၆%) သည် လေယာဉ်မောင်းသည့်အခန်းတွင်း၌ အိပ်ပျော်ခဲ့ကြောင်း ၀န်ခံကြသည်။ ထို့အပြင် ဖြေဆိုသူများ၏ သုံးပုံတစ်ပုံနီးပါး (၂၉%)သည် ၄င်းတို့နိုးလာသည့်အချိန်တွင် ၄င်းတို့၏ တွဲဖက်လေယာဉ်မှူးသည်လည်း အိပ်ပျော်နေသည်ကို တွေ့ရှိကြောင်း ပြောကြားခဲ့ကြသည်။
ကြက်အသေများကို သေနတ်တစ်ခုဖြင့် ပစ်ခတ်ခြင်းဖြင့် ရိုးရိုင်စီသည် လေယာဉ်အင်ဂျင်များစမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ ငှက်များသည် တစ်နာရီလျှင်၂၉၉ ကီလိုမီတာနှုန်းဖြင့် ပျံသန်းကြသည့်အတွက် အန်းဂရီးဘတ် ဂိမ်းကစားနေ သကဲ့သို့ဖြစ်သည်။
၅။ အရက်မူးနေသောခရီးသည်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လေကြောင်းလုံခြုံရေးသည် လေယာဉ်အမှုထမ်းကို အကူအညီပေးမည်မဟုတ်ပေ။
အရက်မူးနေသောခရီးသည်တစ်ဦးသည် လေယာဉ်ပေါ်တွင် ဆူညံမှုများပြုလုပ်တတ်သည်။ အမှန်တွင်တော့ ၄င်းသည် အကြမ်းဖက်သမားများပြုလုပ်လေ့ရှိသော လှည့်ကွက်တစ်ခုဟုသိထားကြသည်။ ဆိုလိုသည်မှာ ဤနည်းအားဖြင့် လေယာဉ်ပေါ်တွင် အရပ်သားများကဲ့သို့ဝတ်ဆင်ထားသော အစောင့်များရှိမရှိ သင်စစ်ဆေးနိုင်သည်။ လေယာဉ်ပြန်ပေးဆွဲ ခံရခြင်းများကို သင့်အနေနှင့် မဖြစ်စေလိုလျှင် တစ်ခုတည်းသောနည်းလမ်းမှာ ပုဂ္ဂလိကလေယာဉ် စီးလုံးငှားရန် ဖြစ်သည်။
၆။ လေယာဉ်ပေါ်တွင်ပုဆိန်တစ်ခုအမြဲ သယ်ဆောင်လာသည်။
လေယာဉ်များ ဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်ရန်အတွက် တစ်စုံတစ်ယောက်သည် မီးလောင်သည့်အချိန်တွင် ပြတင်းပေါက်တစ်ခု သို့မဟုတ် မှန်ပုံကွက်ကို ချိုးဖျက်နိုင်ရန် လေယာဉ်ပေါ်တွင် ပုဆိန်တစ်ခုပါရှိရန်လိုအပ်သည်။ သတင်းများအရ German wings တွဲဖက်လေယာဉ်မှူး အန်ဒရီရာ လပ်ဗ်တဇ်သည် လေယာဉ်မောင်းနှင်သည့် အခန်းတွင်း ၌ မိမိကိုယ်ကိုယ် သော့ခတ်မိသွားသဖြင့် လေယာဉ်မှူး ပက်ထရစ် ဇုန်ဒန်ဟိုင်းမာအနေဖြင့် လေယာဉ် မောင်းနှင်သည့်အခန်းတွင်းသို့ ပုဆိန်တစ်လက်ဖြင့် ချိုးဖျက်ဝင်ရောက်ခဲ့ရပြီးနောက် ခရီးသည်တင်လေယာဉ်ကို ပြင်သစ်နိုင်ငံ အဲလ်ပ်တောင်တန်း ကျောက်ဆောင်ဆီသို့ ဦးတည်ပျံသန်းခဲ့ရသည်။
၇။ လေယာဉ်များပေါ်ရှိ နားကြပ်များသည် ပစ္စည်းအသစ်များ ဖြစ်မည်မဟုတ်ပါ။
“လေကြောင်းခရီးရှည်များတွင် ခရီးသည်များကို ဝေငှသော နားကြပ်များသည် ပလတ်စတစ်အိတ်တစ်ခုတွင် ထုပ်ပိုးထားသော်လည်း အသစ်များမဟုတ်ပါ။” ဟုအမည်မသိလေယာဉ်အမှုထမ်းတစ်ဦးမှ ပြောခဲ့သည်။ ဆိုလိုသည်မှာ လေကြောင်းခရီးတစ်ခုချင်းစီအပြီးတွင် ထိုနားကြပ်များကို သန့်စင်ပြီး ပြန်လည်ထုပ်ပိုးထားသည်။ ဤအရာသည် သင့်အနေနှင့် လေယာဉ်တစ်စီး၏ ခရီးသည်တင်အခန်းတွင်ကြုံတွေ့ရမည့် တစ်ခုတည်းသော စက်ဆုပ်ရွံရှာဖွယ် မဟုတ်ပါ။ ပုဂ္ဂလိကလေယာဉ်များပေါ်တွင်သာ ထိုအသစ်များကို လုံလောက်စွာသုံးနိုင်ရန် မျှော်လင့်နိုင်မည် ဖြစ်သည်။
၈။ မတော်တဆ ထိခိုက်မှုတစ်ခုဖြစ်ခဲ့လျှင် မြေပြင်ပေါ်သို့ဆင်းသက်ချိန်တွင် ခရီးသည်တင် အခန်းမီးများကို မှိန်ချလိုက်သည်။
“လေယာဉ်များညအချိန်ဆင်းသက်သည့်အခါ ဆင်းသက်ချိန်အတွင်း အန္တရာယ်ရှိသည့်နေရာမှ လုံခြုံစိတ်ချရသည့် နေရာသို့ ရွှေ့ပြောင်းရန် လိုအပ်လျှင် လွယ်ကူစေရန် လေယာဉ်အတွင်းမီးများကို မှိန်လိုက်သည်။ ဤနည်းလမ်းဖြင့် သင့်မျက်လုံးများသည် အမှောင်ကို ကျင့်သားရနိုင်မည်ဖြစ်ပြီး လေယာဉ်ပြင်ပကို ပိုမိုမြင်နိုင်မည်ဖြစ်သည်။” ဟု Quora (အမေးအဖြေကဏ္ဍ) တွင် လေယာဉ်မှူး တင်မ်မော်ဂန်က ရေးသားခဲ့သည်။
၉။ လေယာဉ်မှူး၏ သြဇာအာဏာ
လူများကိုဖမ်းဆီးရန်၊ ဒဏ်ငွေချမှတ်ရန်နှင့် နောက်ဆုံးသေတမ်းစာကို သက်သေအဖြစ် လက်ခံပေးနိုင်ခွင့်ကို လေယာဉ်မှူးများအား တရားဝင်ခွင့်ပြုထားသည်။
၁၀။ ကော်ဖီသောက်ခြင်းမပြုမိရန် ချုပ်ထိန်းပါ။
“မည်သူမျှ နံနက်တိုင်း ကော်ဖီထည့်စရာများကို မဆေးကြောသည့်အတွက် လေယာဉ်ပေါ်တွင်တိုက်ကျွေးသော ကော်ဖီသည် လုံးဝရွံရှာဖွယ်ဖြစ်သည်။ လစာအနည်းငယ်မျှသာ ရရှိသော လေဆိပ်အကူများသည် သန့်ရှင်းရေးကို သိပ်ဂရုမစိုက်ကြပါ။ ကျွန်တော့်အနေနှင့် လုံးဝ သောက်မည်မဟုတ်ပါ။ ကျွန်တော်တို့ကိုလည်း ထိုကော်ဖီထည့်စရာများကို ဆေးကြောရန် သင့်လျော်သောပစ္စည်းများ မပေးထားသည့်အတွက်လည်းဖြစ်သည်။ ကျွန်တော်တို့သည် ရေနှင့်ကျင်းပြီး ကော်ဖီကိုသွန်ပစ်ခဲ့ကြသည်။” ဟု လေယာဉ်စီးသူတစ်ဦးက Reddit တွင် ရေးသားခဲ့သည်။
၁၁။ လေကြောင်းမငြိမ်သက်မှုသည် နေ့ခင်းဘက်တွင် ပိုမိုအားကောင်းသည်။
အောက်ပါအကြောင်းအရာကို Reader’s Digest မဂ္ဂဇင်းတွင်ရေးသားထုတ်ဝေခဲ့သည်။ “သင်သည် စိုးရိမ်ပူပန်တတ်သော လေယာဉ်စီးခရီးသည်တစ်ဦးဖြစ်ပါက ပုဂ္ဂလိကလေယာဉ်များကို စီးသည်ဖြစ်စေ စီးပွားဖြစ်လေယာဉ်များကိုစီးသည်ဖြစ်စေ မနက်ခင်းလေကြောင်းကို ကြိုတင်ဘွတ်ကင်တင်ထားပါ။ အကြောင်းအရင်းမှာ မြေပြင်၏ အပူချိန်သည် နေ့လယ်ခင်းတွင် လေတိုက်မှုနှုန်းပိုမိုဖြစ်စေသည့်အပြင် မိုးကြိုးမုန်တိုင်းများသည် နေ့လည်ခင်းတွင် ပိုမိုဖြစ်ပေါ်တတ်သည်။

၁၂။ အချိန်မီရောက်ရှိရေးသည် ခရီးသည်အားလုံးကို ခေါ်ဆောင်လာနိုင်ရေးထက်ပိုမိုအရေးကြီးသည်။
“အမေရိကန်ပြည်ထောင်စု သယ်ယူပို့ဆောင်ရေးဦးစီးဋ္ဌာနသည် အချိန်တိကျရေးကို ဦးစားပေးမှုတစ်ခုအနေဖြင့် အမိန့်တစ်ခုထုတ်ပြန်ကာ ထိုအမိန့်အရ အခြားတစ်ဆင့်စီးလာသော လေယာဉ်များ၏ကြံ့ကြာမှုအရ ခရီးသည်အားလုံး၏ ၂၀%နီးပါးသည် နောက်ကျခဲ့လျှင်တောင်မှ လေယာဉ်မှူးများသည် စောင့်ဆိုင်းမပေးနိုင်ပါ။” ဟု အခြေားလေယာဉ်မှူးတစ်ဦးက ပြောကြားခဲ့သည်။
၁၃။ တွဲဖက်လေယာဉ်မှူးများကို မတူညီသော အစားအစာမီနူးများ ကျွေးလေ့ရှိသည်။
စီးပွားဖြစ်နှင့် ပုဂ္ဂလိကလေယာဉ်နှစ်မျိုးစလုံးရှိ တွဲဖက်လေယာဉ်မှူးများသည် အစာအဆိပ်သင့်သည့် အန္တရာယ်ဖြစ်မည် စိုးသောကြောင့် တူညီသောအစားအစာကို မစားသုံးကြပါ။ အကယ်၍လေယာဉ်မှူး နှစ်ယောက်စလုံးသည် သက်သတ်လွတ်စားသူများဆိုလျှင် အခက်အခဲရှိမည်ဖြစ်သည်။ ၄င်းတို့ကိုလည်း အစားအစာအတူတူဝေမျှစားခွင့်မပြုပါ။
၁၄။ အိမ်သာများကို အပြင်ဘက်မှ သော့ဖွင့်နိုင်သည်။
ရေချိုးခန်းထဲရှိ WC အမှတ်အသားအတွင်း၌ ၀ှက်ထားသော တံခါးချက်တစ်ခုရှိသည်။ ထိုတံခါးချပ်ကိုသင်ဆွဲလိုက်လျှင် အိမ်သာတံခါးပွင့်လာမည်ဖြစ်သည်။ အံ့သြသင့်စရာပါ!
၁၅။ ၂၀၀၃ ခုနှစ်တွင် လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲခံခဲ့ရပြီး ……ထိုအချိန်မှစတင်ကာ ထိုလေယာဉ်ကို ပြန်မတွေ့ခဲ့ပါ။
၂၀၀၃ မေ ၂၅ တွင် ကုန်စည်တင်ဆောင်သည့်ဝန်ဆောင်မှုနှင့် ဒီဇယ်လောင်စာ သယ်ဆောင်ရန် ပုံသဏ္ဍာန် ပြောင်းထားသော ဘိုးရင်း ၇၂၇ လေယာဉ်တစ်စင်းကို စက်ပြင်သမားနှစ်ဦးမှ ပြန်ပေးဆွဲခဲ့သည်။ FBI နှင့် CIA သည် အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးများ လုပ်ဆောင်ခဲ့သော်လည်း ပြန်ပေးဆွဲသူများကို လုံးဝမတွေ့ရှိတော့ဘဲ အဆိုပါလေယာဉ်သည် လေထဲတွင် ပျောက်ကွယ်သွားခဲ့ဟန်ရှိသည်။
၁၆။ မင်းသား ချားလ်စ်နှင့် မင်းသား ၀ီလျှံ တို့နှစ်ဦးကို လေယာဉ်အတူတကွစီးခွင့်မပြုပါ။
ဘုရင်မကြီး၏ တောင်းဆိုချက်အရ သူမ၏သားတော်နှင့် အကြီးဆုံးမြေးယောက်ျားလေးတို့သည် လေယာဉ်တစ်စင်းတွင် မည်သည့်အခါမျှ အတူတူမစီးသင့်ပါ။ အကယ်၍ လေယာဉ်ပျက်ကျခဲ့လျှင် ဘုရင်မကြီးအနေဖြင့် ထီးနန်းဆက်ခံမည့်သူ နှစ်ဦးစလုံး ဆုံးရှုံးမည်စိုးသဖြင့် တောင်းဆိုခြင်းဖြစ်ကြောင်း နားလည်နိုင်ပေသည်။
၁၇။ လေကြောင်းဖြင့်ခရီးသွားလာခြင်းသည် ဒုတိယမြောက် ဘေးကင်းစိတ်ချရဆုံးသော သယ်ယူပို့ဆောင်ရေး နည်းလမ်း ဖြစ်သည်။ သင်သိရမည်မှာ လေယာဉ်ထက်ဘေးကင်းလုံခြုံသောအရာတစ်ခုမှာ ဓါတ်လှေကားဖြစ်သည်။
၁၈။ ကမ္ဘာပေါ်ရှိ ကမ္ဘာ့အတိုဆုံးစီးပွားဖြစ်လေကြောင်းလိုင်းသည် စကော့တလန်ရှိ အော့်ခ်နီကျွန်းများကြားတွင် တည်ရှိသည်။
စကော့တလန်ကျွန်းစု၏ ကျွန်းနှစ်ခုအကြားလေကြောင်းခရီးသည် အူဒင်ဘတ် လေဆိပ်ရှိလေယာဉ်ပြေးလမ်းကြောင်းထက် တိုသည်။ ၀က်စထေ၇းမှ ပပ၀က်စ်ထရေးသို့ပျံသန်းသော နှစ်မိနစ်ကြာလေကြောင်းခရီးသည် ကမ္ဘာပေါ်ရှိခရီးသယ်တင် လေကြောင်းခရီးတွင် အတိုဆုံးဖြစ်သည်။ စကားမစပ် ဤလေကြောင်းခရီးစဉ်၏အပြန်လက်မှတ်ဈေးနှုန်းမှာ ၆၃ ဒေါ်လာ ဖြစ်သည်။
အော်ဂ ရှိုရှိနား

အပူပိုင်းဒေသအပန်းဖြေနေရာတစ်ခုရှိ အလွန်အရေးကြီးသောပုဂ္ဂိုလ် (VIP) အားလပ်ရက်