avia.app

ကုမ္ပဏီလေယာဉ်ပျံ

ပညာရှင်များကိုယုံကြည်ပါ

Aviav TM သည်နှစ်ပေါင်းများစွာကတည်းကပရော်ဖက်ရှင်နယ်လေကြောင်းအသင်း၏အသင်းဝင်ဖြစ်ခဲ့ပြီး၊

AVIA Charter အပလီကေးရှင်း အသုံးပြုခြင်း၏ အကျိုးရလဒ်များ

သင်၏ ကိုယ်ပိုင်လေယာဉ်ရှိခြင်းထက် ပိုမိုကောင်းမွန်သော အရာ အဘယ်မှာရှိမည်နည်း။ လေယာဉ်တစ်စီး သင့်အိတ်ကပ်ထဲ ရောက်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

အံ့သြဖွယ်ရာ ကိစ္စတစ်ခုကဲ့သို့ ထင်ကောင်းထင်နိုင်သော်လည်း TM(Cofrance SARL) မှ အသစ်တီထွင် ပြုလုပ်ထားသော AVIAV မိုဘိုင်း အပလီကေးရှင်းသည် ထိုအချက်ကို အမှန်တစ်ကယ် ဖြစ်လာစေနိုင်ပါသည်။ သင်လုပ်ဆောင်ရမည့် အရာအားလုံးမှာ သင်၏စမတ်ဖုန်းထဲသို့ AppStore မှအပလီကေးရှင်းကို ဒေါင်းလုတ်ဆွဲပြီး စတင်အသုံးပြုရန် သာဖြစ်ပါသည်။ ဤအဆင့်မြင့်နည်းပညာအပလီကေးရှင်းသည် သင့်အား ဂျက်လေယာဉ်တစ်စင်း ငှားရမ်းနိုင်စေမည်ဖြစ်ပြီး၊ သင့်လိုအပ်ချက်များနှင့် ဆန္ဒအတိုင်း မည်သည့် လေယာဉ်မော်ဒယ် အမျိုးအစားကိုမဆို ရွေးချယ်နိုင်စေခြင်း သို့မဟုတ် အစီအစဉ်ချထားသော လမ်းကြောင်းအတွက် ရာသီဥတု ခန့်မှန်းချက်ကို လုပ်ဆောင်နိုင်စေမည်ြ

ကျွန်ုပ်တို့၏ အဖွဲ့သည်ကြီးမားသော အားထုတ်မှုများနှင့် နောက်ဆုံးပေါ်နည်းပညာများကို ကျွန်ုပ်တို့၏ ဖောက်သည်များ အောက်ပါကိစ္စရပ်များကို လုပ်ဆောင်နိုင်စေရန် ယူဆောင်လာပါပြီ –

ဂျက်လေယာဉ်တစ်စီးအား ကမ္ဘာ့မည်သည့်နေရာသို့မဆို စင်းလုံးငှားရမ်းရန်

မည်သည့်အကူအညီမှ မလိုဘဲ သို့မဟုတ် မလိုအပ်သော ဖုန်းခေါ်ဆိုမှုများပြုလုပ်ရန်မလိုဘဲ မိမိကိုယ်တိုင် တောင်းဆိုမှုတစ်ခု လုပ်ဆောင်နိုင်ရန်

တိကျသော ပါရာမီတာများသို့ ၀င်ရောက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းသုံး ဂျက်လေယာဉ်တစ်စီးကို ရွေးချယ်လိုက်ပါ။ ၄င်းကိစ္စသည် အင်မတန် လွယ်ကူမည် ဖြစ်ပြီး လေယာဉ်၏ အရှည်အလျား၊ ခရီးသည် တင်ဆောင်နိုင်မှု စွမ်းရည်နှင့် လေယာဉ်အမျိုးအစားကိုသာ သတ်မှတ်ဖော်ပြရုံသာ ဖြစ်သည်။

လေယာဉ်ထုတ်စက်ရုံလုပ်ငန်းတွင် ကောင်းမွန်သောစံချိန်ရှိ အဆင့်မြင့်ဆုံးသော လေယာဉ်မော်ဒယ်များထဲမှ ရွေးချယ်ပါ။ -Bombardier, Embraer, Sukhoi, Superjet, Fokker, Cessna, Dassault, Aviation, Gulfstream, Beechcraft.
လယာဉ်များအားလုံးအား ကောင်းမွန်သော ပျံသန်းမှုအခြေအနေများတွင် ထိန်းသိမ်းထားပြီး လေယာဉ်ခရီးစဉ်အချိန် အတွင်းတွင်လည်း အမြဲကူညီ ဖေးမတတ်ပြီး ပရော်ဖက်ရှင်နယ်ဆန်သော လေယာဉ်အမှုထမ်းများအားလည်း အစဉ်ပင် စိတ်ချယုံကြည်နိုင်ပေသည်။ AVIAV TM( Cofrance SARL) သည် ယုံကြည်စိတ်ချရသော လေကြောင်းဝန်ဆောင်မှု ပေးသူများနှင့်သာ လက်တွဲလုပ်ဆောင်ပါသည်။
အပိုဝန်ဆောင်မှုများအား မှာကြားနိုင်ပါသည်- လေယာဉ်တက်စီ အပါအ၀င် လေယာဉ်ကွင်း အကြိုအပို့၊ စားသောက်ဆိုင်များမှ သင်အကြိုက်နှစ်သက်ဆုံး အစားအသောက်များကို လေယာဉ်ပေါ်သို့ သယ်ယူပို့ဆောင်ပေးရေး ၀န်ဆောင်မှု၊ အထူးသီးသန့် ပွဲအတွက် ဂျက်လေယာဉ်အတွင်းခန်း ပြင်ဆင်မှုများ၊ သက်တောင့်သက်သာရှိသော လေယာဉ်အတွင်း နေရာထိုင်ခင်း၊ လေယာဉ်ခရီးစဉ်အတွင်း ဧည့်လမ်းညွှန်တစ်ဦးနှင့် စကားပြန်ဝန်ဆောင်မှုများ။
ယခုစမတ် အပလီကေးရှင်းသည် သင့် လေယာဉ်ခရီးစဉ် အချိန်အတွင်း လေထုအတွင်း ဖြစ်ပေါ်နေသော အပြောင်းအလဲများနှင့် လေလှိုင်းထန်ဇုန်များကို သင့်အား ကြိုတင်သတိပေးပြီး အကောင်းဆုံးလမ်းကြောင်းကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာနိုင်စေရန် သင့်ကို ကူညီပေးမည်ဖြစ်သဖြင့် သင့်ခရီးလမ်းကြောင်း တစ်လျှောက် ရာသီဥတုအခြေအနေများကို ခြေရာခံပါ။ ဤ အပလီကေးရှင်းမှ လေယာဉ်၏ ပြင်ပအခြေအနေ- အပူချိန်နှင့် အခြားသောရာသီဥတု အခြေအနေများကို လေယာဉ်စီးသူများအား စဉ်ဆက်မပြတ် သတင်းပို့ နေသောကြောင့် လေယာဉ်စီးနင်းရန် အင်မတန်တွန့်ဆုတ်နေသောသူပင်လျှင် AVIA Charter နှင့်ဆိုပါကပိုမိုယုံကြည်စိတ်ချမှုကို ခံစားနိုင်ပါသည်။ ထို့ အပြင် ပုဂ္ဂလိကပိုင်ဂျက်လေယာဉ်မောင်းနှင်သူများသည် အင်မတန် ဖော်ရွေပြီး သူတို့၏ အလုပ်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပျော်ရွှင်စွာဝေငှရန် အမြဲအဆင်သင့်ရှိကြပါသည်။ ထို့ကြောင့် ၄င်းတို့အား မည်သို့ ထိန်းကျောင်းမောင်းနှင်နေပြီး မည်သည့်အချိန်တွင် ဆင်းသက်မည်စသည်တို့ကို မေးမြန်းရန် မနှောင့်နှေးပါနှင့်။ သာမန်ခရီးသည်တင်လေယာဉ်စီးနင်းလိုက်ပါမှုများတွင် သိသာထင်ရှားသောလုံခြုံရေး အကြောင်းအရာ ကိစ္စများကြောင့် သင်သည် လေယာဉ်မောင်းနှင်သူများအား ယခုကဲ့သို့ဆက်သွယ်ပြောဆိုနိုင်မည် မဟုတ်ချေ။ AVIAV TM(Cofrance SARL) သည် လေယာဉ်ခရီးစဉ်ချိန်အတွင်း ဘေးကင်းစိတ်ချရမှုနှင့် လုံခြုံရေးကိုမထိခိုက်စေဘဲ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို အားပေးအားမြှောက် ပြုပါသည်။

AVIA လေယာဉ်စင်းလုံးငှား အပလီကေးရှင်း၏ သွင်ပြင်လက္ခဏာများ

AVIA Charter မိုဘိုင်းအပလီကေးရှင်းသည် သင့်အိတ်ကပ်ထဲတွင် ကိုယ်ပိုင်လေယာဉ်တစ်စင်း ရှိသကဲ့သို့ သင့်အားခံစားနိုင်စေမည်
ဖြစ်ပါသည်။ မည်သည့်အတွက်ကြောင့် မဖြစ်နိုင်ရမှာလဲ ? သင့်ထံတွင် အိုင်ဖုန်း ( iPhone ) တစ်လုံးရှိပြီး ဖြစ်ပါသည်။ ဤအပလီကေးရှင်းကို ဖွင့်လိုက်ပါ။

  •  မီနူး ( Menu) ထဲတွင် “Book” “ကြိုတင်ဘွတ်ကင် တင်ပါ” ဟူသောခလုတ်ကို နှိပ်လိုက်ပါ။
  •  စတင်ထွက်ခွာမည့်နေရာနှင့် သွားရောက်မည့်နေရာကို တိကျစွာ ဖော်ပြပေးပါ။
  •  သင့်အားဝန်ဆောင်မှုပေးရန်အတွက် လေယာဉ် အဆင်သင့်ဖြစ်စေလိုသော အချိန်နှင့် နေရာကို တိကျစွာ ဖော်ပြပေးပါ။

သင်ပိုမိုနှစ်သက်သော လေယာဉ် မော်ဒယ်တစ်ခုရှိပါက လေယာဉ်စာရင်းထဲမှ ရွေးချယ်လိုက်ရုံပါ။ မည်သည့် လေယာဉ် အမျိုးအစားအား ရွေးချယ်ရန် သင်သံသယဖြစ်ပါက ဖော်ပြထားသော ပါရာမီတာများပေါ်တွင်မူတည်ပြီး ရွေးချယ်ရန်များ ကို စမ်းသပ်ကြည့်လိုက်ပါ သို့မဟုတ် သင်လိုအပ်မှုကို လမ်းညွှန်မှု အားလုံးပေးမည့် AVIAV TM (Cofrance SARL) မန်နေဂျာကို သင့်ထံ ဖုန်းပြန်လည်ခေါ်ဆိုပေးရန် တောင်းဆိုမှုသာပြုလိုက်ပါ။
ဘွတ်ကင်လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ပြီးသွားပါက လေယာဉ်မထွက်ခွာမှီ VIP ( အထူးအရေးကြီးသူ) ထွက်ခွါနေရာတွင် ၁၅ မိနစ်အလိုအရောက်သွားရန်သာလိုပြီး လွယ်ကူသောသာမန်စစ်ဆေးမှုများပြုလုပ်ပြီးနောက် လေယာဉ်ပေါ်တက်ရောက်ပြီး သင့်ကိုယ်သင် သက်တောင့်သက်သာ ဖြစ်အောင်နေရန်သာလိုပါသည်။

AVIAV TM ( Cofrance SARL) သည် ၄င်း၏ ဖောက်သည်များအတွက် အရည်အသွေးမြင့်မားပြီး သက်တောင့်သက်သာရှိသည့် အွန်လိုင်းဝန်ဆောင်မှုကိုသာပေးပြီး အမြဲတမ်းသင့်လျော်ပါသည်။ စီးပွားရေးလုပ်ငန်းဆိုင်ရာ လေကြောင်းခရီးစဉ်သည် လျင်မြန်စွာတိုးတက်လာနေပြီး အခြေကျနေသည်မှာ အခြားမည်သည့်အကြောင်းကြောင့်မှ မဟုတ်ဘဲ နောက်ဆုံးပေါ်နည်းပညာနှင့် အအောင်မြင်ဆုံး လေကြောင်းလိုင်းအကျိုးဆောင်များကြောင့် ဖြစ်ပါသည်။ AVIA Charter အပလီကေးရှင်းဖြင့် လေယာဉ် ကြိုတင်ဘွတ်ကင် တင်ခြင်းသည် လွယ်ကူပါသည်- ကလစ်ခ် အနည်းငယ် နှိပ်ရုံသာဖြစ်သည်။ တောင်းဆိုမှုတစ်ခုစတင်ပြုလုပ်ပါက ကမ္ဘာအရပ်ရပ်ရှိများပြားသော လေယာဉ်အမျိုးအစားပေါင်းများစွာ ကို သင် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ သတ်မှတ် စံချိန်များနှင့် သင့်စိတ်ကြိုက်ကို ရွေးချယ်လိုက်ပါ။

AVIA စင်းလုံးငှားလေကြောင်းဝန်ဆောင်မှု – သက်တောင့် သက်သာရှိသော၊ ရိုးရှင်းသော၊ ယုံကြည်စိတ်ချရသော၊ ခေတ်မှီသော။

06000, 29 Rue de France, Nice, France

AVIA APP